မိုးတွေသည်းတဲ့အခါ

May 28th, 2009 by မောင်ဥပေက္ခာ Leave a reply »

and_the_rain_came_down_x_b

မိုးတွေသည်းတဲ့အခါ

ကိုမြကြီးရဲ့ မိုးအကြောင်းကို ငါမသိဘူး

အာကြီးရဲ့ မိုးကိုလည်း ငါမသိဘူး

လမ်းပေါ်မှာ ကလေးတစ်ယောက်နဲ့ ကြက်တစ်ကောင်

တစ်ကိုယ်လုံး စိုတာချင်းအတူတူ ကြက်ကို မငြူစူကြဘူး

မိုးသည်းထဲမှာ လမ်းလျောက်ဖို့

ထီးတစ်လက်မလိုဘူး

မိုးကာမလိုဘူး

အရက်တစ်ခွက်နဲ့ ရမ် နှစ်ပက်ပဲလိုမယ်

ဘဝကို မိုးရေထဲမျောဖို့ တစ်မိုင်လောက်တောင် လျောက်စရာမလိုပါဘူး

မိုးတွေသည်းနေတော့

ငါ အမေ့ကို သတိရတယ်

ဂဏန်းတွေကောက်တဲ့ ကလေးဘဝကို သတိရတယ်

ခုတော့ မိုးရေထဲမှာ ရေစုံမျောဖို့တောင်

ကံဆိုးမသွားရာ မိုးလိုက်လို့ မရွာဘူး

ဒီလိုပဲ ခြောက်ကပ်ကပ် ဘဝမှာ

ရေစိုနေတဲ့ ကြက်တွေလိုပဲ အကုသိုလ်တွေ ခါခါထုတ်နေရတာ

တကယ်တော့ မိုးနဲ့ ပတ်သက်ရင် ငါ ဘာမှ မသိပါဘူး …. ။

မောင်ဥပေက္ခာ

၂၉၊ မေ

၁၀း ၄၃

Advertisement

5 Responses

  1. MrDBA says:

    မိုးတွေသဲခဲ့တာ ကဗျာတစ်ပုဒ်တောင် ဖြစ်သွားပါပေါ့။

  2. MrDBA says:

    ဒီကဗျာကို ဒီမှာတော့ ပူလွန်းလို့ ဘီယာသောက်ရင်း ခံစားသွားတယ်။ (အဟိ)

  3. မိုးအကြောင်းလေး…တယ်ကောင်းပါလား…
    သေချာခံစားသွားတယ်..

  4. သြော် ဒီကဗျာဖတ်မိမှပဲ မိုးရေထဲ ပြေးမဆော့တာ တော်တော်ကြာပြီ ဆိုတာ အမှတ်ရတော့တယ် ..

Trackbacks/
Pingbacks

  1. Kristina

Leave a Reply