Archive for the ‘News’ Category

စက်ရပ် သတင်း

August 14th, 2007
ဒီနေ့ နံနက် အိပ်ရာထတော့ ကြားရတဲ့ သတင်းက သတင်းကောင်းတော့ မဟုတ်ဘူးဗျာ။

ဓာတ်ဆီ ဆိုင်ထုတ်ဈေး – တစ်ဂါလံ ၂၅၀၀ ကျပ် (အရင်ဈေး ၁၅၀၀)
ဒီဇယ် ဆိုင်ထုတ်ဈေး – တစ်ဂါလံ ၃၀၀၀ ကျပ် (အရင်ဈေး ၁၅၀၀)
CNG လေးအိုးစာ ဆိုင်ထုတ်ဈေး – ၁၂၀၀၀ ကျပ် (အရင်ဈေး ၁၆၀၀)

ဒီတော့ ဓာတ်ဆီဈေးတို့ ဒီဇယ်ဈေးတို့တက်တာ အဓိက မဟုတ်ဘူး။ CNG ဈေးတက်တာက တကယ်ဒုက္ခ၊ လိုင်းကားတွေ အကုန်လုံးက CNG တွေပဲ သုံးကြတာလေ။ ဒီတော့ ကားခတွေက အခုဆိုရင် ၂၀၀ အနည်းဆုံးကနေ ၅၀၀ ဖြစ်နေပြီ။ အရင် ၄၀၀ နဲ့ ပဲခူးကို သွားလို့ရတာ အခု ၁၅၀၀ တဲ့ဗျာ။ အခြေခံစားသောက်ကုန်တွေ တက်ကုန်တော့မှာ ကြိမ်းသေပဲ။ ၀န်ထမ်းတွေလည်း ကားခအတွက် ဒုက္ခ ရောက်ကြရတော့မယ်။ အလုပ်ရှင်တွေ အတွက်လည်း ၀န်ထမ်းလစာအတွက် အကျပ်ရိုက်တော့မယ်။ ကားခတင် တစ်လကို အနည်းဆုံး အသွားအပြန်အတွက်တင် ၂၅၀၀၀ ကျော်လောက် ကုန်ကျတော့မဲ့သဘောပဲဗျာ။ တစ်နေ့ ၅၀၀ လောက်ပဲ ၀င်တဲ့သူဆိုရင် ဘယ်လိုလုပ် ကားစီးနိုင်ပါ့မလဲ။ အင်း … ဘာတွေ ဖြစ်ကုန်မှန်း မသိတော့ပါဘူးဗျာ ….