Archive for the ‘Photo Essay’ Category

ဖြစ်တည်မှုရဲ့အစ

August 26th, 2007

ဖြစ်တည်မှုရဲ့အစလို့ ကျွန်တော်နာမည် ပေးထားတယ်။ ပျားအုံလေး တစ်အုံပါ။ သူတို့ နဂိုပျားအုံကြီးက အဖွတ်ခံလိုက်ရတော့ ပျားတွေ ပြန်စုပြီး ဒီနေရာမှာ ပြန်စကြမယ်ထင်တယ်။ ဒါပေမယ့် ကိုင်းကသေးနေတော့ နောက်ပိုင်း သူတို့ ပြောင်းသွားကြမှာလား။ ဒါမှမဟုတ် လူတွေရဲ့ ပယောဂကြောင့် ပြောင်းရမှာလား။ ဘယ်လို အခြေအနေတွေကြောင့် ပျက်ဦးမှာလဲ။ ဒါမှမဟုတ် ဒီနေရာမှာပဲ မြဲသွားဦးမှာလား။ မရေရာမှုတွေ ပြည့်သိပ်နေတဲ့ ပျားအုံလေးတစ်အုံပါ။ ဒါပေမယ့် ပျားတွေကတော့ ဒီနေရာမှ မရရင် နောက်တစ်နေရာမှာ သွားပြီး ဖွဲ့ကြဦးမှာပဲ။ ကျွန်တော်တို့ ဘ၀တွေရော ဒီလိုပဲလားဗျာ။ ဒါပေမယ့် သူတို့က စည်းလုံးတယ်နော် …. ကျွန်တော်တို့ကရော …. ? ? ?