Archive for August, 2007
ဖြစ်တည်မှုရဲ့အစ
August 26th, 2007နိုင်ငံတိုးတက်ရေး နှင့် စီမံခန့်ခွဲရေး (၁)
August 21st, 2007ခေါင်းဆောင်များ အခန်းကဏ္ဍ
ဒီတော့ ပထမဦးဆုံး ခေါင်းဆောင်များ ရွေးချယ်ခန့်ထားရေးက စပြီး ပြောချင်ပါတယ်။ ဒီနေရာမှာ အပြစ် ပြောတာထက်စာရင် လုပ်သင့်တာကို ကျွန်တော့်အမြင်အနေနဲ့ ပွင့်ပွင့်လင်းလင်း တင်ပြချင်ပါတယ်။ ထက်အောက် ဖွဲ့စည်းပုံနဲ့ ရွေးချယ်တာပဲဖြစ်ဖြစ်၊ အောက်ကနေ ရွေးချယ်တာ ဖြစ်ဖြစ် မှားနိုင်တာကတော့ အတူတူပါပဲ။ အထက်ကရွေးချယ်ပေးတဲ့ ခေါင်းဆောင်တစ်ယောက်မှာ ကိုယ့်လူကိုယ့်ဖက်သားကို ခန့်ထားမှု အမှားဖြစ်နိုင်သလို၊ အောက်က ရွေးချယ်ခန့်ထားတဲ့ နေရာမှာလည်း ပေါ်ပြူလာဖြစ်မှုကို ကြည့်ပြီး မဲပေးမိတာလည်း ဖြစ်နိုင်ပါတယ်။ ဘယ်လိုပဲ ခန့်ထားခန့်ထား အဓိကထားရမယ့် စံနှုန်းတွေအပေါ်မှာ တင်ပြီး ရွေးချယ်တာ အကောင်းဆုံးလို့ ကျွန်တော်မြင်ပါတယ်။
ဥပမာ – နည်းပညာနဲ့ ပတ်သက်တဲ့ ခေါင်းဆောင်တစ်ယောက်ကို ရွေးချယ်မယ်ဆိုရင် နည်းပညာဆိုင်ရာ အတွေ့အကြုံ အပြည့်အ၀ ရှိဖို့လိုပါမယ်။ နိုင်ငံတကာမှာ ဖြစ်ပေါ်ပြောင်းလဲနေတဲ့ နည်းပညာတွေကို လက်တွေ့ကျကျ နားလည်နိုင်၊ ခံယူနိုင်စွမ်းရှိသူ ဖြစ်ဖို့လိုပါမယ်။ နည်းပညာကို ကိုယ့်လက်အောက် ငယ်သားတွေ၊ ကိုယ်စီမံခန့်ခွဲရတဲ့ အပိုင်းမှာ ဘယ်လို ဖြန့်ဝေမလဲဆိုတာကို သိနိုင်တဲ့သူဖြစ်ပါတယ်။ နိုင်ငံတကာမှာ ဖြစ်ပေါ်လာတဲ့ ပြောင်းလဲမှုကို အလိုက်သင့် လိုက်ပါပြောင်းလဲ နိုင်အောင် စီမံဆောင်ရွက်တတ်သူ ဖြစ်ဖို့ လိုပါမယ်။ စံနှုန်းတွေ အများကြီး ရှိနိုင်ပါသေးတယ်။ ဒီလိုအချက်တွေအပေါ်မှာ မူတည်ပြီး ရွေးချယ်ဖို့ လိုပါမယ်။
ဒီလိုမှမဟုတ်ပဲ ထက်အောက် ရွေးချယ်တဲ့အခါမှာ ကိုယ့်လူကိုသာ ရွေးချယ်မယ်၊ ကိုယ့်စကား နားထောင်သူ ကိုသာ ရွေးချယ်မယ်။ ကိုယ့်လူအတွက် “ခွင်” ဆိုပြီး ရွေးနေမယ်ဆိုရင် တိုးတက်ရေးထက် အလုပ်ဖြစ်ရေးကိုသာ ဦးတည်သွားပါလိမ့်မယ်။ လည်တော့ လည်ပတ်နေတယ်။ ဘာမှတိုးတက်မလာဘူး ဆိုတာမျိုး ဖြစ်နေပါလိမ့်မယ်။ လူတော်မခန့် လူခန့်မတော် ဖြစ်လာပါလိမ့်မယ်။ ကြာလာတဲ့ အခါ သြဇာအာဏာ အလွဲသုံးမှုတွေ ဖြစ်လာနိုင်ပါတယ်။
ဒီလိုပါပဲ အောက်က ရွေးချယ်တဲ့နေရာမှာလည်း ပေါ်ပြူလာဖြစ်မှုအပေါ်မှာ ရွေးချယ်မိမယ်ဆိုရင် မရူနိုင် မကယ်နိုင် ဖြစ်တတ်တာ သဘာဝပါပဲ။ အောက်က လူတွေအနေနဲ့ သူတို့ခေါင်းဆောင်မှာ ရှိရမည့် အရည်အချင်း တွေကို သိထားဖို့လိုပါမယ်။ မသိပဲနဲ့ စည်းရုံးရေးကောင်းတိုင်း ရွေးမိရင် အဆင်မပြေနိုင်ပါဘူး။
ဒီတော့ ခေါင်းဆောင်များရဲ့ အရည်အချင်းတွေကို သူကဏ္ဍအလိုက် သေသေချာချာ သတ်မှတ်ပြဌန်းဖို့ လိုပါမယ်။ Generally မဟုတ်ပဲ Specifically သတ်မှတ် ပြဌန်းဖို့ လိုပါမယ်။ နောက်ပြီး ခေါင်းဆောင်များအနေနဲ့ အရည်အချင်းနဲ့ ပတ်သက်ပြီး အမြဲတမ်း အစမ်းသပ်ခံ နိုင်ရပါမယ်။ ဒါကတော့ ခေါင်းဆောင်ပိုင်းနဲ့ ပတ်သက်တဲ့ ကျွန်တော့် အမြင်ပါ။
ဆက်ပါဦးမယ် ….
နေ၀င်ချိန်များ ….
August 15th, 2007အားလုံးပဲ ရွှင်လန်းချမ်းမြေ့ပါစေခင်ဗျာ ….
စက်ရပ် သတင်း
August 14th, 2007ဓာတ်ဆီ ဆိုင်ထုတ်ဈေး – တစ်ဂါလံ ၂၅၀၀ ကျပ် (အရင်ဈေး ၁၅၀၀)
ဒီဇယ် ဆိုင်ထုတ်ဈေး – တစ်ဂါလံ ၃၀၀၀ ကျပ် (အရင်ဈေး ၁၅၀၀)
CNG လေးအိုးစာ ဆိုင်ထုတ်ဈေး – ၁၂၀၀၀ ကျပ် (အရင်ဈေး ၁၆၀၀)
ဒီတော့ ဓာတ်ဆီဈေးတို့ ဒီဇယ်ဈေးတို့တက်တာ အဓိက မဟုတ်ဘူး။ CNG ဈေးတက်တာက တကယ်ဒုက္ခ၊ လိုင်းကားတွေ အကုန်လုံးက CNG တွေပဲ သုံးကြတာလေ။ ဒီတော့ ကားခတွေက အခုဆိုရင် ၂၀၀ အနည်းဆုံးကနေ ၅၀၀ ဖြစ်နေပြီ။ အရင် ၄၀၀ နဲ့ ပဲခူးကို သွားလို့ရတာ အခု ၁၅၀၀ တဲ့ဗျာ။ အခြေခံစားသောက်ကုန်တွေ တက်ကုန်တော့မှာ ကြိမ်းသေပဲ။ ၀န်ထမ်းတွေလည်း ကားခအတွက် ဒုက္ခ ရောက်ကြရတော့မယ်။ အလုပ်ရှင်တွေ အတွက်လည်း ၀န်ထမ်းလစာအတွက် အကျပ်ရိုက်တော့မယ်။ ကားခတင် တစ်လကို အနည်းဆုံး အသွားအပြန်အတွက်တင် ၂၅၀၀၀ ကျော်လောက် ကုန်ကျတော့မဲ့သဘောပဲဗျာ။ တစ်နေ့ ၅၀၀ လောက်ပဲ ၀င်တဲ့သူဆိုရင် ဘယ်လိုလုပ် ကားစီးနိုင်ပါ့မလဲ။ အင်း … ဘာတွေ ဖြစ်ကုန်မှန်း မသိတော့ပါဘူးဗျာ ….
ကျွန်တော် အရောင်က အ၀ါရောင်
August 14th, 2007ကိုမျက်လုံးဆီမှာ တွေ့လို့ ၀င်စမ်းကြည့်တာပါ။ ကျွန်တော့် အရောင်က အ၀ါရောင် …
လူပေါင်း 2,846,102 ဖြေတာ 704,718 က အ၀ါရောင်ပါတဲ့၊ စိတ်ဝင်စားရင် ဖြေကြည့်ပါ …
|
|
|
|
|
YELLOW |
You are very perceptive and smart. You are clear and to the point and have a great sense of humor. You are always learning and searching for understanding.
ဟဲ ဟဲ တကယ်တန်းကျတော့ ကျွန်တော်က အ၀ါရောင်ကို မကြိုက်ဘူးဗျ ….
