Archive for October, 2007

ကျွန်တော်နှင့် ဘလော့

October 19th, 2007
ကျွန်တော် ဘလော့ကို စရေးဖြစ်တာ ကိုစေတန်ရဲ့ ကျေးဇူးကြောင့်ပါ။ သူက “ဘလော့ရေးပါလား” ဆိုတော့ ရေးစရာတွေ ပုံနေတဲ့ ကျွန်တော့်အတွက် လွယ်လွယ်ပဲ ရေးမယ်လို့ ပြောဖြစ်ပါတယ်။

တကယ်တန်း ဘလော့တော့ ရေးစရာတွေက ထင်သလောက် မများတော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်ဘလော့ကို လာကြည့်တဲ့ သူတွေ ရှိလာမှာပဲဆိုတဲ့ အတွေးက ရှိတော့ ထင်သလောက် မများတော့တာ ဖြစ်မယ်ထင်တယ်။

အင်း …. ငါ ဘလော့ကို ဘယ်လို ရည်ရွယ်ချက်နဲ့ ရေးမလဲ။ အဲဒါမှာ ပြဿနာပဲ။ လွယ်လွယ်လေး ထင်တာ ဘယ်လွယ်မလဲဟ။ လာကြည့်တဲ့သူတွေ အလကားဖြစ်စေမယ့် ဟာတွေပါလာရင် အချိန်ကုန်တာပဲ အဖတ် တင်မယ်။ အဆင်မပြေဘူး။

အဲ…. ဘယ်လိုရည်ရွယ် ချက်တွေနဲ့ ရေးမလဲ။ ဒါဆို စဉ်းစားတော့ ဘလော့ကို သုံးရက်လောက် ရေးလို့ မရတော့ ပြန်ဘူး။
အော် …. ဘလော့ဆိုတာ တည်ဆောက်ရတာ လွယ်သလောက် ရေးမယ်ဆိုတော့ တကယ်ခက်ပါလားဗျာ …
ဆက်ဦးမယ် …