ဒီနေ့ သမီးလေး အလှူတစ်ခု ထပ်လုပ်တယ်။ သူ့အဖွားက သူ့အတွက် နှစ်တိုင်းလုပ်နေကြ အလှူလုပ်ပေးတာပေါ့။ သူ့အဖွားက မူလတန်းပြ ဆရာမလေ။ ဒီတော့ သူတို့ကျောင်းမှာ ကျောင်းသားတွေကို ကြက်သားဆန်ပြုတ်တိုက်တယ်။ သမီးလေးကတော့ ပျော်နေတာပဲ။ အားလုံးက Happy Birthday ဝိုင်းဆိုပေးတော့ သဘောကျနေလေရဲ့။ ဓာတ်ပုံတွေလည်း အရိုက်ခံတယ်။ ပြီးတော့ ကဗျာတွေလည်း ခုံပေါ်တက်ပြီး တစ်တန်းလုံးကို ဆိုပြတယ်။ အားလုံးက ကဗျာတစ်ပုဒ်ပြီးတိုင်း လက်ခုပ် ဝိုင်းတီးကြတာကို သဘောကျနေတယ်။ သူ့ မူကြို ကျောင်းက ဆရာမကတော့ ပြောပါတယ်။ သူက အတန်းထဲမှာ အသေးဆုံး၊ အသံအကျယ်ဆုံး၊ စကားအများဆုံးတဲ့။ သူများတွေထက် ပိုပြီး စာရေးတဲ့နေရာ၊ ပုံဆွဲတဲ့နေရာ၊ အရောင်ခြယ်တဲ့နေရာတွေမှာ တော်တယ်တဲ့။ ကျွန်တော် အဲဒီလိုကြားရတော့ စိတ်ချမ်းသာတယ်ဗျ။ ကျွန်တော်လည်း ငယ်ငယ်က အဲဒီလိုပါပဲ။ အသေးဆုံး ဖြစ်ခဲ့တယ်။ ဒါပေမယ့် သမီးလေးလို အသံအကျယ်ဆုံး၊ စကားအများဆုံးတော့ မဖြစ်ခဲ့ပါဘူ။ သမီးမိန်းကလေး ဖြစ်နေတော့ ဒီလို အချက်ကလေးတွေ ပိုလာတာ ထင်တယ်ဗျ။ ဓာတ်ပုံလေးတွေ တင်ချင်ပေမယ့် ကင်မရာက ချိန်မရသေးဘူးဗျ။ ဒီတော့ နောက်မှ တင်တော့မယ်ဗျာ …
Archive for September, 2008
သမီလေး အလှူလုပ်တယ်
September 19th, 2008ပြောင်းပြန်စီးနေသော မြစ်
September 18th, 2008အမေကတော့ ကျွန်တော် မပြောချင်ဘူး။ ကျွန်တော်က ပင်ပင်ပန်းပန်း ရှာထားတာတွေကို ဒီလိုလွယ်လွယ် သုံးပစ်ရလားဗျ … ကျွန်တော် ဘယ်လောက် ပင်ပန်းတယ်ထင်လဲ … ခုလို မဟုတ်တဲ့နေရာမှာ သုံးပစ်တာ အမေတို့ မလွန်လွန်းဘူးလား။ ဒီလိုမဟုတ်က ဟုတ်ကတွေကို မလုပ်ပါနဲ့ဆိုတာကို အတန်တန် ပြောထားရက်နဲ့ လုပ်ရက်တယ်ဗျာ .. ကျွန်တော် သုံးနှစ်လောက် အောက်ကျခံပြီး ရှာထားတဲ့ သိန်း(၇၀) လောက်ကို သဲထဲရေသွန် လုပ်ပစ်ရက်တယ်ဗျာ … အမေရက်စက်တယ်ဗျာ … ကျွန်တော် နောက်တစ်ခါ နိုင်ငံခြားသွားရင် ဘယ်တော့မှာ ပြန်မလာတော့ဘူး … အမေတို့နဲ့လည်း အဆက်အသွယ် မလုပ်တော့ဘူး …
ကျွန်တော်လည်း တော်တော် အံ့သြသွားတယ်။ ကြားနေကြ အသံ မဟုတ်လို့လေ။ ကျွန်တော် အရင်က ကြားဖူးတာက အမေက သားကို ဒီလိုမျိုးဆူတာပဲ ကြားဖူးတယ်။ ခုတော့ သားက အမေ့ကို ပြန်ဆူနေတာဗျ။ တော်တော်လေးကို ပေါက်ကွဲနေပုံပဲ။ ကျွန်တော်လည်း စိတ်ဝင်စားသွားတာနဲ့ နားထောင်နေမိတယ်။ သူ့အမေက ဘာမှကို ပြန်မပြောနိုင်ဘူးဗျ။ မျက်နှာငယ်လေးနဲ့ ထိုင်နေရှာတယ်။
ဘဝကို အလွှမ်းမိုးဆုံး စာအုပ်များ (၁)(ခ)
September 8th, 2008Habit အကြောင်း
ကျွန်တော် 7 Habits ကို မဖတ်ခင်က Habit ဆိုတာကို အမူအကျင့် ဆိုတာလောက်ပဲ သိပါတယ်။ 7 Habits ကို ဖတ်လိုက်တော့မှ ဒီထက်ပိုပြီး အဓိပ္ပါယ်လေးနက်မှန်း သိလာရပါတယ်။
Habit Defined
- A habit is the intersection of knowledge, skill and desire.
- knowledge is the what to do and why.
- skill is the how to do.
- Desire is the motivation, the want to do.
- Happiness is the fruit of the desire and ability to sacrifice what we want now for what we want for eventually.
အမူအကျင့်ဆိုတာ -
- knowledge (အသိပညာ)၊ skill (အတတ်ပညာ) နဲ့ desire (ဆန္ဒ)တွေ အချိုးအစားညီညီ ပေါင်းစပ်ပြီး ဖြစ်ပေါ် လာပါတယ်။
- knowledge(အသိပညာ) ဆိုတာကတော့ ဘာကို လုပ်ရမယ်ဆိုတာ သိတာရယ်၊ ဘာကြောင့် လုပ်ရတယ် သိတာပါ။
- skill(အတတ်ပညာ) ဆိုတာကတော့ ဘယ်လို လုပ်ရမယ်ဆိုတာကို သိတာပါ။
- desire(ဆန္ဒ) ဆိုတာကတော့ စိတ်ဓာတ်မြှင့်တင်မှု၊ အလုပ်လုပ်ချင်စိတ်ပါ။
- ပျော်ရွှင်မှုဆိုတာကတော့ ဆန္ဒကနေ သီးပွင့်လာတဲ့ အသီးအပွင့်တွေပါ၊ ဖြစ်ချင်တာထက် ဖြစ်သင့်တာတွေကို လုပ်ခဲ့တဲ့အခါ သီးပွင့်လာတဲ့ အသီးအပွင့်တွေ ဖြစ်ပါတယ်တဲ့။
အမူအကျင့်ရဲ့ အဓိပ္ပါယ်ကို သေသေချာချာ သိလာရပါတယ်။ Habit ဆိုတာ ဒီလိုဆိုရင် လုပ်ယူလို့ ရတာပါလားဆိုပြီး သိလာရပါတယ်။ ပါရမီပါလာတာ ဆိုတာမျိုးမဟုတ်ပဲ ပါရမီဖြည့်လို့ ရတဲ့ သဘော ဖြစ်နေပါတယ်။ ဒီစာအုပ်ဟာ လက်တွေ့သဘော ဆောင်တဲ့ အတွက် ပိုပြီး သဘောကျ လာရပါတယ်။ ကျွန်တော် ကိုယ်တိုင်ကလည်း Pragmatism (လက်တွေ့အလုပ်ဖြစ်ရေးဝါဒ) သမားဆိုတော့ ပိုပြီး ထိတယ် ဆိုပါတော့ဗျာ။
ဘဝကို အလွှမ်းမိုးဆုံး စာအုပ်များ (၁)(က)
September 7th, 2008ကျွန်တော့်ဘ၀ကို အလွှမ်းမိုးဆုံး စာအုပ်တွေ အကြောင်း ရေးချင်ပါတယ်။ စာအုပ် Review ရေးဖို့ မဟုတ်ပါဘူး။ ကျွန်တော့်ကို ဒီစာအုပ်က လွှမ်းမိုးထားတယ်။ ဘာဖြစ်လို့ လွှမ်းမိုးတယ်။ ကျွန်တော်က ဒီစာအုပ်ကို ဘယ်လို နားလည်ထားတယ်။ လက်ခံထားတယ် စသည်ဖြင့် ရေးချင်တာပါ။ ကျွန်တော် မှားနေတာရှိရင်လည်း သူငယ်ချင်းတွေက ပြင်ပေးနိုင်အောင် လို့ပါ။
ကျွန်တော် ဘဝကို အလွှမ်းမိုးဆုံး စာအုပ်တွေထဲမှာ ပထမဦးဆုံး စာအုပ်တစ်အုပ်ကို ထုတ်ပြရမယ်ဆိုရင် Stephen R. Covey ရေးတဲ့ 7 Habits of Highly Effective People ဆိုတဲ့ စာအုပ်ကို ပြရပါလိမ့်မယ်။
Welcome to Hell (ငရဲမှ ကြိုဆိုပါ၏)
September 6th, 2008ကျွန်တော် ဖတ်ပြီး သဘောကျလို့ ကူးထာတာ … ဖတ်ကြည့်ဗျာ … ရေရေလည်လည်မိုက်တယ် …
Written by: wmason
Welcome to Hell. Please let us enslave you. We’ll give you a free t-shirt if you fill out this credit card application… You can drive home in this brand new car, with no payments until 2000… It’s so much easier to not worry about these details. We’ll take care of them for you. All we ask is that you send in your payment every month like a good slave.