Posts Tagged ‘စာအုပ်’

ဘဝကို အလွှမ်းမိုးဆုံး စာအုပ်များ (၁)(က)

September 7th, 2008

ကျွန်တော့်ဘ၀ကို အလွှမ်းမိုးဆုံး စာအုပ်တွေ အကြောင်း ရေးချင်ပါတယ်။ စာအုပ် Review ရေးဖို့ မဟုတ်ပါဘူး။ ကျွန်တော့်ကို ဒီစာအုပ်က လွှမ်းမိုးထားတယ်။ ဘာဖြစ်လို့ လွှမ်းမိုးတယ်။ ကျွန်တော်က ဒီစာအုပ်ကို ဘယ်လို နားလည်ထားတယ်။ လက်ခံထားတယ် စသည်ဖြင့် ရေးချင်တာပါ။ ကျွန်တော် မှားနေတာရှိရင်လည်း သူငယ်ချင်းတွေက ပြင်ပေးနိုင်အောင် လို့ပါ။


ကျွန်တော် ဘဝကို အလွှမ်းမိုးဆုံး စာအုပ်တွေထဲမှာ ပထမဦးဆုံး စာအုပ်တစ်အုပ်ကို ထုတ်ပြရမယ်ဆိုရင် Stephen R. Covey ရေးတဲ့ 7 Habits of Highly Effective People ဆိုတဲ့ စာအုပ်ကို ပြရပါလိမ့်မယ်။

» More: ဘဝကို အလွှမ်းမိုးဆုံး စာအုပ်များ (၁)(က)