Posts Tagged ‘စိတ်’

စိတ်အကြောင်း

September 3rd, 2008

ဦးကျော် (ကျော်ဟိန်း) ရဲ့ အင်တာဗျူးတွေ ဖတ်ရပါတယ်။ အလွန် လေးစားရတဲ့ ပုဂ္ဂိုလ်ကြီးရဲ့ နှုတ်ထွက်စကားတွေကို ဖတ်လိုက်ရတော့ အရင်ဆုံး ခံစားရတာကတော့ ရိုးသားမှုဆိုတာပါပဲ။ ဦးကျော်ရဲ့ ရိုးသားမှုတွေက ကျွန်တော့် ရင်ထဲကို ကူးစက်လာတဲ့ အတွက် သိလိုက်ရတာပါ။ နောက်တစ်ချက် သတိထားမိတာက ဦးကျော်တော့ လူတွေ နားမလည်နိုင်ဆုံး အရာကို ရှင်းပြဖို့ ကြိုးစားနေပါလား ဆိုတာပါပဲ။ ဦးကျော်က `စိတ်အကြောင်း` ပြောမယ်တဲ့။ စိတ်အကြောင်းကို အဘိဓမ္မာ သဘောအရ ပြောရင်တော့ အများကြီး ဖြစ်သွားမှာ သေချာတယ်။ ဒါပေမယ့် ဦးကျော်က အဲဒီလို အဘိဓမ္မာပေါ် တင်ပြီး ပြောမယ်မထင်ဘူး။ (အဘိဓမ္မာပေါ် တင်ပြီးပြောရင်လည်း လက်တွေ့ စိတ်တွေနဲ့ နှိုင်းယှဉ်ပြီး တစ်ခုချင်း သိနိုင်ဖို့ ဆိုတာ တော်တော် မလွယ်တဲ့ ကိစ္စပါ။ စာတွေ့ပဲ သိပြီး လက်တွေ့ သဘောကို ချဉ်းကပ်နိုင်ဖို့ အလွန် ခက်လွန်း လှပါတယ်။) သူ့ အတွေ့အကြုံ သူ့သဘော တွေထဲက ပြောမယ့် သဘောပဲလို့လည်း သတိထား မိပါတယ်။ သူပြောသမျှ စကားတွေကလည်း သူ့ အတွေ့အကြုံတွေ ပြောရရင် သူ့ ကျင့်ထားလို့ သိထားတာတွေကို ပြောနေတယ် ဆိုတာလည်း သတိထားမိပါတယ်။

» More: စိတ်အကြောင်း