Posts Tagged ‘မိုးပြေး’

မိုးပြေး

August 15th, 2008

မိုးပြေးလေး သက်သက်ပါပဲလေ …

အဆုတ်လိုက် ကြွေကျလိုကျ

ဖွဲဖွဲလေး ကြဲဖြန့်လို့ဖြန့်

မိုးပြေးနဲ့ အတူပါသွားကြတာပဲ …

ရင်ဘတ်ထဲကို ငုံ့ကြည့်လိုက်တော့

အတောင်ရေစိုနေတဲ့

နာဖျားနေတဲ့

အရွယ်မရောက်သေးတဲ့

ငှက်တစ်ချို့တစ်လေသာ ရှိနေတာကလွဲလို့

မိုးပြေးနဲ့အတူ ပါသွားကြတာပဲ …

သူတို့ …

ထွက်သွားကြတာ

ပြန်လာကြတာ

နားခိုကြတာတွေ ကြည့်ရင်း

ငါလဲ …

မူးနောက်လို့

ချေးတွေ အထပ်ထပ် တက်လို့ …. ။  …  ။