Posts Tagged ‘လူငယ်’

လူငယ်တစ်ဦးနှင့် အင်တာဗျူး

September 1st, 2008

ကျွန်တော် နယ်မြို့ကြီးတစ်မြို့ကို ရောက်နေပါတယ်။ အဲဒီမြို့မှာ သိခွင့်ရတဲ့ လူငယ်တစ်ယောက်ကို ဆိုက်ကယ်စီးရင်း အင်တာဗျူး ဖြစ်ပါတယ်။ တစ်မြို့လုံးအနှံ့ အိမ်တစ်အိမ်ကို လိုက်ရှာရင်း သူကရှေ့ကမောင်း ကျွန်တော်က နောက်က ထိုင်ရင်း အင်တာဗျူးဖြစ်တယ် ဆိုပါတော့။

ကျွန်တော် – ညီလေး ခု ဘာမှမလုပ်ဖူးလား။ အကိုပြောတာက အလုပ်မလုပ်ဖူးလားလို့ မေးတာ။

လူငယ် – အရင်ကတော့ လုပ်တယ်။ ခုတော့ အဖမ်းအဆီးများလို့ ခဏရပ်ထားတယ်။

ကျွန်တော် – အဲ … ဘာအလုပ်မို့လို့လဲဟ။

» More: လူငယ်တစ်ဦးနှင့် အင်တာဗျူး