Posts Tagged ‘အတု’

အတု

August 11th, 2008

မှိန်ဖျော့ဖျော့ အလင်းရောင် အောက်မှာ

တောင်ပံခတ် လင်းပနေတဲ့ နှလုံးသား ရှိတယ် …

အဲဒီ နှလုံးသားထဲမှာ

ကျယ်ပြန့် နက်ရှိုင်းတဲ့ လွင်ပြင်တစ်ခု ရှိတယ် …


အတက်အကျများလှတဲ့

ဂရပ်တစ်ခုကို ကိုင်ပြီး

တစ်ခါတစ်လေ ငိုလိုက်

တစ်ခါတစ်လေ ရယ်လိုက်

ဆန့်ကျင်ဘက်တွေကို စားသုံးရင်း

အသက်ဆက်နေတဲ့ အတု တစ်ယောက်ရှိတယ် …


လွင်ပြင်ထဲကို အတု က ရောက်သွားလိုက်

အတုထဲကို လွင်ပြင်က ရောက်သွားလိုက်

စိတ်လိုလက်ရတွေ

စိတ်လိုက်မာန်ပါတွေ

အကြောက်အကန် ငြင်းဆန်မှုတွေ

မလုပ်မနေရတွေ

မလုပ်ချင် လုပ်ချင်တွေ ဖြစ်လာကြတယ် …

တကယ့်ကို

ဘာမှ မပြည့်စုံသေးပါ

အ၀ိဇ္ဖာတွေ ပူးချည်ပြီးသား

ခြေသလုံးအိမ်တိုင် အတု တစ်ယောက်ပါ။ …. ။