Posts Tagged ‘အမူအကျင့်’

ဘဝကို အလွှမ်းမိုးဆုံး စာအုပ်များ (၁)(ခ)

September 8th, 2008

Habit အကြောင်း

ကျွန်တော် 7 Habits ကို မဖတ်ခင်က Habit ဆိုတာကို အမူအကျင့် ဆိုတာလောက်ပဲ သိပါတယ်။ 7 Habits ကို ဖတ်လိုက်တော့မှ ဒီထက်ပိုပြီး အဓိပ္ပါယ်လေးနက်မှန်း သိလာရပါတယ်။

Habit Defined

  • A habit is the intersection of knowledge, skill and desire.
  • knowledge is the what to do and why.
  • skill is the how to do.
  • Desire is the motivation, the want to do.
  • Happiness is the fruit of the desire and ability to sacrifice what we want now for what we want for eventually.

အမူအကျင့်ဆိုတာ -

  • knowledge (အသိပညာ)၊ skill (အတတ်ပညာ) နဲ့ desire (ဆန္ဒ)တွေ အချိုးအစားညီညီ ပေါင်းစပ်ပြီး ဖြစ်ပေါ် လာပါတယ်။
  • knowledge(အသိပညာ) ဆိုတာကတော့ ဘာကို လုပ်ရမယ်ဆိုတာ သိတာရယ်၊ ဘာကြောင့် လုပ်ရတယ် သိတာပါ။
  • skill(အတတ်ပညာ) ဆိုတာကတော့ ဘယ်လို လုပ်ရမယ်ဆိုတာကို သိတာပါ။
  • desire(ဆန္ဒ) ဆိုတာကတော့ စိတ်ဓာတ်မြှင့်တင်မှု၊ အလုပ်လုပ်ချင်စိတ်ပါ။
  • ပျော်ရွှင်မှုဆိုတာကတော့ ဆန္ဒကနေ သီးပွင့်လာတဲ့ အသီးအပွင့်တွေပါ၊ ဖြစ်ချင်တာထက် ဖြစ်သင့်တာတွေကို လုပ်ခဲ့တဲ့အခါ သီးပွင့်လာတဲ့ အသီးအပွင့်တွေ ဖြစ်ပါတယ်တဲ့။

အမူအကျင့်ရဲ့ အဓိပ္ပါယ်ကို သေသေချာချာ သိလာရပါတယ်။ Habit ဆိုတာ ဒီလိုဆိုရင် လုပ်ယူလို့ ရတာပါလားဆိုပြီး သိလာရပါတယ်။ ပါရမီပါလာတာ ဆိုတာမျိုးမဟုတ်ပဲ ပါရမီဖြည့်လို့ ရတဲ့ သဘော ဖြစ်နေပါတယ်။ ဒီစာအုပ်ဟာ လက်တွေ့သဘော ဆောင်တဲ့ အတွက် ပိုပြီး သဘောကျ လာရပါတယ်။ ကျွန်တော် ကိုယ်တိုင်ကလည်း Pragmatism (လက်တွေ့အလုပ်ဖြစ်ရေးဝါဒ) သမားဆိုတော့ ပိုပြီး ထိတယ် ဆိုပါတော့ဗျာ။

» More: ဘဝကို အလွှမ်းမိုးဆုံး စာအုပ်များ (၁)(ခ)