ကျွန်တော် အိုဘားမားနိုင်သွားတော့ ပျော်နေတယ်။ ဘာဖြစ်လို့ ပျော်နေတာလဲ ဆိုတာကို သုံးသပ်ကြည့်မိတယ်။ တကယ်တန်းပြောရရင် အိုဘားမား အကြောင်း ကျွန်တော် သေသေချာချာ မသိပါဘူး။ သူ့ကို ဓာတ်ပုံတွေမှာ တွေ့ဖူးတာရယ် သူ့ လက္ခဏာကို ကြည့်လိုက်တော့ ဟိုးအောက်ခြေကနေ အပေါ်ဖက်ထိ ထိုးတက်နေတဲ့ထီးရိုးရယ်၊ အသက်ကယ် လမ်းကြောင်းတွေ မြင်ရတော့ ဒီလိုတွေပါတဲ့သူက ဒီလိုဖြစ်တာ မဆန်းဘူးလို့တော့ တွေးမိပါတယ်။ နောက်ပြီး သူ့ မျက်လုံးတွေ၊ အရင် လူဖြူသမ္မတတွေနဲ့ မတူဘူး။ နှိမ့်ချမှုတွေ အများကြီးပါနေတယ်။ ကျွန်တော်တို့နဲ့ နီးနေသလို ခံစားရတယ်။ ဒီလောက်ပါပဲ။ ဒါနဲ့ ဘာဖြစ်လို့ သူနိုင်သွားတော့ ကျွန်တော် ပျော်နေတာလဲ။
ကျွန်တော်က အမေရိကန် Election တွေကို စိတ်ဝင်စားလေ့ မရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ အမျိုးသား အကျိုးစီးပွားအထိုင်ပေါ်က လုပ်ချင်ရာ လုပ်နေကြတဲ့သူတွေပဲ များနေတယ်။ ဒီ အိုဘားမားကျတော့မှ ဘာလို့ စိတ်ဝင်စားနေပါလိမ့်ဗျာ … ကိုယ့်ကို ထမင်း လာကျွေးမှာလည်း မဟုတ်ပဲ၊ ကိုယ့်အတွက်လည်း အကျိုးစီးပွား တစ်စုံတစ်ရာမရှိပဲ ဘာဖြစ်လို့ သူ့ကို သဘောကျနေပါလိမ့်ဗျာ။ အဲဒါမှ ခက်တာပဲ။ ဒီတော့ ကိုယ့်ရဲ့အတွင်းကျကျ စိတ်တွေကို ပြန်လေ့လာကြည့်မိတယ်။ တကယ့်ကိုဗျာ အော်တိုကြိုက်နေတာ။ ဒီလို ပြန်သုံးသပ်ကြည့်တော့
- အားနည်တဲ့ဖက်က နေချင်တဲ့ ဆန္ဒ၊ လူဖြူတွေကြီးစိုးတဲ့ နေရာမှာ အားနည်းတဲ့ လူမည်းတစ်ယောက်ဖက်က နေချင်တာ
- စစ်ပွဲတွေကို မုန်းနေတာ၊ ဘုရှ်လက်ထက်မှာ စစ်တွေပဲတိုက်နေတယ်၊ ဒီတော့ စစ်အကြောင်းတွေ ဖတ်နေရတာ တော်တော် စိတ်ကုန်နေပြီ၊ ဂျွန် မက်ကိန်းကလည်း စစ်တိုက်မယ်ဆိုတာပဲ၊ ဒါကြောင့် အိုဘားမားကို စစ်တွေရပ်ပစ်မယ့် သူအဖြစ် အားပေးတာ
- နောက်ပြီး ကျွန်တော့် အစွဲတစ်ခုလား မသိဘူး၊ အမေရိကန်မှာ ဒီမိုကရက်တွေ တက်လာရင် ကျွန်တော်တို့ နိုင်ငံမှာ လုပ်ငန်းကိုင်ငန်းတွေ သာလာတတ်တယ်။ အဲဒီအစွဲကြောင့် ဒီမိုကရက်ကို ထောက်ခံတာလဲပါတယ်
- နောက်ပြီး အိုဘားမားရဲ့ နှိမ့်ချတတ်တဲ့ မျက်လုံးတွေကြောင့်
- ပြီးတော့ လူငယ်ဖြစ်နေလို့
- နောက်ဆုံးအချက်ကတော့ ကမ္ဘာကြီးကို ခေါက်ရိုးကျိုးနေတာတွေကနေ ဆွဲထုတ်နိုင်မလားဆိုတဲ့ မျှော်လင့်ချက်နဲ့ပေါ့ဗျာ ….