Posts Tagged ‘အောက်တန်းစား’

အောက်တန်းစား စိတ်ဓာတ်

October 3rd, 2008

ကျွန်တော့်မှာ သူငယ်ချင်း တစ်ယောက်ရှိပါတယ်။ မိန်းမလည်း ရှိတယ်။ ကလေးလည်း ရတော့မယ် ဆိုပါတော့။ သာမာန်လူတန်းစား တစ်ယောက်ပဲ ဖြစ်တော့ ရုန်းကန် ရင်ဆိုင်နေရတဲ့ သူငယ်ချင်း ဆိုပါတော့ဗျာ။ ကလေးရတော့မယ် ဆိုတော့ ပိုပြီး ရုန်းကန် နေရတယ်။ သူက ကွန်ပျူတာပြင်တာတို့ Network ချိတ်တာတို့ ကျွမ်းတယ်ဗျ။ ဒီတော့ ဘယ်လိုကနေ ဘယ်လို စပ်မိသွားတယ် မသိဘူး။ အင်တာနက် ကဖေးဆိုင်တစ်ခုမှာ အလုပ်လုပ် ဖြစ်တယ်ဗျ။ အလုပ်ရှင် ဆိုတဲ့သူက ဘာမှမတတ်တဲ့သူ ဆိုတော့ သူ့ကို အားကိုးပြီး ဖွင့်တယ်။ ဒီတော့ တစ်လကို မဖြစ်စလောက်လေး ပေးထားတယ်။ ဒါနဲ့ သူငယ်ချင်းလည်း သူလုပ်ရတာနဲ့ တန်အောင်ဆိုပြီး ပိုင်ရှင်နဲ့ ဆွေးနွေးတယ်။ အဲဒီတော့ ပိုင်ရှင်က စာချုပ်တစ်ခု ချုပ်တာပေါ့တဲ့။ သုံးလကို ခုလစာနဲ့ပဲ လုပ်ပေး သုံးလကျော်ရင် အမြတ်ငွေ တစ်ဝက်ပေးမယ် ဆိုပြီး စာချုပ်ချုပ်တယ်ဗျ။ အဲဒါနဲ့ သူငယ်ချင်းလဲ အလုပ်ကို ကြိုးစားပြီး လုပ်တယ်ဗျ။ သူ့မှာ ကလေးအတွက် စုစရာလည်း ရှိတာပါမှာပေါ့ဗျာ။

» More: အောက်တန်းစား စိတ်ဓာတ်