Posts Tagged ‘builtup’

Bailout or Builtup

October 15th, 2008

ကျွန်တော် ခုတစ်လော အလွန် စိတ်ဝင်စားနေတာ တစ်ခုရှိပါတယ်။ အဲဒါကတော့ အမေရိကန် စီးပွားရေး အခြေအနေပါ။ သူတို့တွေကတော့ သူတို့ ငွေမာဖို့အတွက် ဘီလီယံ (၇၀၀)ကို အစိုးရက ဝင်ထောက်ပံ့ပေးဖို့ သဘောတူလိုက်ပါတယ်။ မတူလို့လည်း မရဘူးလေ။ မဟုတ်ရင် ဒေါ်လာတွေ ရေစုန်မျောတော့မှာ။ ဒေါ်လာရေစုန်မျောရင် Domino Effect အနေနဲ့ နောက်ထပ် Currency တွေလည်း ဂိကုန်မှာပေါ့။ ခု မြည်းနဲ့ ဆင်သမ္မတလောင်းတွေကလည်း Bailout ကို သဘောတူကြတယ်။ ဒါပေမယ့် ငြင်းစရာမရှိမှာ စိုးလို့ မူဝါဒပိုင်းကို ငြင်းကြလေတယ်။ ကျွန်တော် သိချင်တာတွေက ဒါတွေဖြစ်လာရခြင်း အဓိက အကြောင်းက ဘာလဲ။ အမေရိကန်တွေ ချွေတာကုန်လို့လား၊ ဒါမှမဟုတ် ကျောဘုရဲ့ စစ်စရိတ်တွေကြောင့်လား၊ ဒါမှမဟုတ် Boom –> Bubble –> Bust လား။ ရေနံဈေးနှုန်းကြောင့်လား။ ဘာမှန်းကို မသိဘူးဖြစ်နေတယ်။

» More: Bailout or Builtup