Posts Tagged ‘entrepreneur’

စွန့်စားရဲ လုပ်ကိုင်ရဲ လမ်းသစ်ဖောက်ရဲသူများ အလိုရှိသည်

August 7th, 2008

(၁)

အသစ်ကစမှာလား၊ အကြီးကြီးကစမှာလား အဲဒီလိုမှ မဟုတ်ရင်တော့ မင်းထွက်သွားတော့

အဲဒီစကားလေးကို ကြားခဲ့ဖူးတာ ကြာပြီဖြစ်ပေမယ့် ကျွန်တော်အမြဲ မှတ်မိနေခဲ့ပါတယ်။ ကျွန်တော် အရမ်းလေးစားတဲ့ ဆရာဦးတင်ဝင်းအောင် ပြောခဲ့တဲ့ စကားဖြစ်တဲ့ အတွက် ပိုပြီး အမှတ်ရစေတာ ဖြစ်မယ်ထင်ပါတယ်။ ဆိုလိုတဲ့သဘောက မင်း စီးပွားရေး လုပ်ချင်လား အသစ်လုပ်ရင် လုပ်၊ ဒါမှမဟုတ် အကြီးကြီးလုပ် အဲဒီလိုမှ မလုပ်ရင် မင်းထွက်သွားရလိမ့်မယ်၊ မင်းလုပ်လို့ ရမှာမဟုတ်ဘူး ဆိုပါတော့ …

အဲဒီ စကားကို ကြားတုန်းက ကျွန်တော် ခေါင်းတော်တော် စားသွားပါတယ်။ ဆရာကတော့ (Brainstorming)ဦးနှောက် မုန်တိုင်းဆင် လိုက်ပြီလို့လဲ သဘောပေါက် လိုက်ပါတယ်။ ကိုယ်ကိုကိုယ်လည်း ပြန်မေးကြည်ဖြစ်တယ်။

မင်း အသစ်လုပ်နိုင်လား

မင်းအကြီးကြီး လုပ်နိုင်လား

အဲဒီမေးခွန်းနှစ်ခုရဲ့ အဖြေက ဘာတစ်ခုမှ မလုပ်နိုင်သေးဘူး ဆိုတာပါပဲ။ တော်တော်လေးလည်း စိတ်ဓာတ်ကျသွားတယ် ဆိုပါတော့။

» More: စွန့်စားရဲ လုပ်ကိုင်ရဲ လမ်းသစ်ဖောက်ရဲသူများ အလိုရှိသည်