တစ်နေ့သ၌ ကျွန်ုပ်နှင့် ကျွန်ုပ်မိသားစုသည် အသားညိုညို၊ ပိန်ပိန်ရှည်ရှည် စေတန်ဆိုသောသူက စင်္ကာပူမှ လွန်ခဲ့သော ရက်သတ္တပတ်က ပြန်ရောက်နေသော ကိုဒီဘီအေဆိုသည့် ခပ်ဝဝ၊ အရပ်ထောင်ထောင် မောင်းမောင်း၊ စကားပြောသောအခါ ဝင်းဦးနှင့် တူသည်ဟု လူအများက မှတ်ချက်ချထားသော သူနှင့် တွေ့ပေးမည်ဟု ချိန်းသောကြောင့် မြန်မာတို့၏ စံတော်ချိန်အတိုင်း ဆယ့်ငါးမိနစ်ခန့် နောက်ကျ၍ အင်းယားကန်ရှေ့ဖက်ရှိ မွန်းဟုခေါ်သော ကာကာဆိုင်သို့ အရောက်သွားရလေ၏။
ထိုသို့ရောက်သွားသော အခါ အိပ်ရေးတစ်ပတ်လောက် ပျက်ထားသော မျက်နှာနှင့် အိတ်ဇစ်တာဆိုသော ငတိနှင့် မြန်မာပြည်ပြန်ရောက် သဖြင့် ပုဆိုးကို ကမန်းကတန်း ပတ်လာသော ကိုဒီဘီအေဆိုသော လူဝဝကြီး တစ်ယောက်ကို တွေ့ရလေ၏။ ကျွန်ုပ်က မြန်မာ စံတော်ချိန်ကို ရှေ့နည်းနည်းတိုးပြီး ၁၅ မိနစ်ခန့် နောက်ကျလာသော်လည်း စေတန်ဆိုသော သူနှင့် အပေါင်းပါ တစ်စုသည် အီသီယိုးပီးယား စံတော်ချိန်ကို အသုံးပြုဟန်တူ၏။ အရိပ်အရောင်မျှပင် မတွေ့ရချေ။