ကျွန်တော်မှာ အသိ သုံးယောက်ရှိတယ်။ သူတို့ အားလုံး နာမည်တွေက တင်ဝင်းတွေပဲ။ စနေသားတွေ။ ဒီလို နာမည်တွေ တူနေတော့ ရှေ့မှာ သူတို့နဲ့ ဆိုင်တဲ့ ဂုဏ်ပုဒ်လေးတွေ တပ်ပြီး ခေါ်ကြတယ်ပေါ့။ တစ်ယောက်က သဌေး တင်ဝင်း၊ နောက်တစ်ယောက်က အညာသား တင်ဝင်း၊ နောက်ဆုံး တစ်ယောက်က ငပွေး တင်ဝင်း။ သူတို့ နာမည်တွေနဲ့ သူတို့ လိုက်တယ် ပြောလို့ရတယ်ဗျ။ တစ်ယောက်က တကယ့် သဌေးဗျ။ ဒါကြောင့် သဌေး တင်ဝင်းလို့ ခေါ်ကြတာပေါ့။ နောက် တစ်ယောက်ကတော့ အညာသား။ ကွမ်း တပြစ်ပြစ်နဲ့။ ဆဲလိုက်ရင်လည်း မိုးမွှန်လို့။ အထက် လူကြီးတွေကတော့ သူကိုချစ်တယ်ဗျ။ အော် ပြောဖို့မေ့နေတယ်။ သူတို့က ဌာနကြီး တစ်ခုမှာ အတူတူ ၀န်ထမ်းတွေပေါ့။ အဆင့်တွေကတော့ သိပ်မကွာကြပါဘူး။ နောက်ဆုံး တစ်ယောက် အကြောင်းပြောဖို့ ကျန်သွားဦးမယ်။ သူက ငပွေးတင်ဝင်း။ နေရာတကာ ကလိန်ကကျစ် ကျချင်တယ်။ ဂွင်လေး ဖန်လိုက်ရမှ။ ငွေယားလေး ကျစ်လိုက်ရမှ။ သူတို့ သုံးယောက်မှာ သိသိသာသာ ကွာခြားနေတာက ဓန အင်အားဗျ။ သဌေးတင်ဝင်းကို ဘယ်လိုမှ လိုက်မမှီကြဘူး။ အဲဒီလို ကွာခြားနေတာ ဘာကြောင့်လဲဆိုတာကို ကျွန်တော် စိတ်ဝင်းစားလို့ လေ့လာဖြစ်တယ်ဗျ။
- Meta
- Tagsကိုအောင် ငရဲ စာအုပ် စိတ် ဇရပ် ပန်းနုရောင်ညရဲ့ခရီးသည် ဘာသာစကား မိုးပြေး ရွှန်းရွှန်း လူငယ် ဝဋ်ကြွေး အချိန် အင်တာနက် အင်တာဗျူး အတု အမူအကျင့် အရှုပ်ထုပ် အလွှမ်းမိုးဆုံး အိုဘားမား မောင်ဒီဘီ မောင်ပီဇီ လေးဖြူ အောက်တန်းစား မြစ် ကြားမိသည်များ မြို့ကလေး bailout builtup Cartoon entrepreneur Essay Father hell internet language me MMEnglish MrDBA Neighbours old ideas Online Education Poem ShoonShoon Time web
- Recent Comments
- Kristina on မိုးတွေသည်းတဲ့အခါ
ThihaThit on နိုင်ငံခြားက ပြန်လာတယ်လား (၁)
min on နိုင်ငံခြားက ပြန်လာတယ်လား (၁)
မေကျော် on မိုးတွေသည်းတဲ့အခါ
မေကျော် on နိုင်ငံခြားက ပြန်လာတယ်လား (၁)
မေကျော် on လူမိုက်ဆိုလျှင် ရှောင်သွေလွှဲလို့ ….
exiter on လူမိုက်ဆိုလျှင် ရှောင်သွေလွှဲလို့ ….
nyimuyar on နိုင်ငံခြားက ပြန်လာတယ်လား (၁)
ညမီးအိမ် on သမီးလေးအကြောင်း (၂)
ညမီးအိမ် on လူမိုက်ဆိုလျှင် ရှောင်သွေလွှဲလို့ ….
-
About
- Change this text in the admin section of WordPress
- Blogroll
- Forum
- Pages