Posts Tagged ‘Poem’

ရေကန်ထဲက နွားခြေရာခွက်ဖားများ

August 9th, 2008

နွားခြေရာခွက်ထဲက

အတွေးအခေါ်တွေနဲ့

သက်သေတွေ အမျိုးမျိုး ပြနေလိုက်ကြပုံများ

သူတို့နေတဲ့ ရေအိုင်ကြီးမှ အားမနာ

 

သံခြေး အထပ်ထပ်တက်နေတဲ့ ခေါင်မိုးအောက်

ရေဆိုးကွက်ကွက်လေးထဲမှာ

မှိုတက်နေတဲ့ မြို့ပြ မီးသီး မှိန်မှိန်လေးနဲ့

ဖြေရှင်းကြ၊ ဆဲရေးတိုင်းထွာကြ

အဲဒါပေါ့ …. ခွေဟောင်သံကြားတိုင်း

ထမကြည့်တဲ့သူတွေ

 

ဟေ့ !

အပြင်ထွက်ကြည့်စမ်း

နေရောင်ခြည်ရဲ့ အောက်မှာ

ရေအိုင်ကြီး ဘယ်လောက်လှနေသလဲလို့ ….. ။